အချစ်ရေး
Wednesday, September 20, 2017
သွေအမျိုးအစားနဲ့ အချစ်ရေး
သွေးအမျိုးစားသိတာနဲ့သူငယ်ချင်းတို့ရဲ့ ဘ၀ရေး အချစ်ရေးတွေကိုသိနိုင်ပါတယ်
အိုသွေးပိုင်ရှင်များသည်
လွန်စွာပြင်းထန်စွာ တိကျသော ပျတ်သားသောသူများဖြစ်ကြပြီး ရည်မှန်းချက်ကြီးကာ
မဖြစ်မနေလုပ်ဆောင်တတ်ကြပြီး အားသွန်ခွန်စိုက် လုပ်ဆောင်တတ်သည်။
အချစ်ရေးနှင့် ပတ်သတ်ပြီး မိမိကိုယ်ကို အချစ်ကြီးသည် အစွဲလမ်းကြီးသည်ဟု
ထင်တတ်ကြသော်လည်း အမှန်တကယ်အားဖြင့်မူ ထိုလောက်ဟုတ်ဘဲ ချစ်သူနှင့်
ခွဲခွါရလျှင် အကြာခင်ပြေပျောက်သူများ ဖြစ်ကြသည် ။
အေသွေးပိုင်ရှင်များ
စိတ်လှုပ်ရှားလွယ် စိတ်ထိခိုက်လွယ်သူများ ဖြစ်ကြပြီး ဝေဖန်ခံနိုင်ရည်လည်း
အားနည်းကြသည်။
အချစ်ရေးနှင့်ပတ်သတ်ပြီး အချစ်ကြီးတတ်သူများ ဖြစ်ကြပါသည်။ တစ်ဦးကိုတစ်ဦး
စွဲစွဲလမ်းလမ်းဖြစ်တတ်ကြပြီး ချစ်သူနှင့် ခွဲခွါခဲ့ရလျှင် အခြားသူများထက် ပို၍ခံစားရတတ်သည်။
ဘီသွေးပိုင်ရှင်များ
မိမိနေတတ်သလို စိတ်ချမ်းသာသလို နေထိုင်ပြုမူတတ်သည်။ အချုပ်အခြယ်မခံလိုပဲ
လွတ်လပ်စွာနေလိုစိတ် ပြင်းပြသူများဖြစ်ကြသလို ဖန်တီးနိုင်စွမ်း တီထွင်နိုင်စွမ်း ရှိကြသည်။
အချစ်ရေးနှင့် ပတ်သတ်ပြီး ရံဖန်ရံခါ အချစ်ကို ပေါ့ပေါ့စစ သဘောထားတတ်ကြသလို
မိမိကိုယ်ကိုသာ ပိုမိုခင်တွယ်ဦးစားပေးတတ်၍ ချစ်သူတို့ ငြီးငွေ့ခြင်းကို ခံရတတ်သည်။
အေဘီသွေးပိုင်ရှင်များ
အရာရာကို မျှမျှတတဝေဖန်ပိုင်းခြား ဆင်ခြင်တတ်ကြပြီး မိမိသဘောဆန္ဒသက်သက်
ကိုမကြည်ပဲ အများရဲ့ဆန္ဒကို ဆောင်ရွက်တတ်ကြသည်။
အချစ်ရေးနှင့်ပတ်သတ်ပြီး စိတ်ကူးယဉ်အိပ်မက်မက်လွန်းသူများ ဖြစ်ကြသည်
အခြေအနေအမှန်နှင့် ကင်းကွာတတ်ကြပါသည် ။ ဘ၀ပေး အခြေအနေ အချိန်အခါ ပတ်ဝန်းကျင်အရ
ကွာခြားတတ်သည်သာ ခြားနားပါသည် ။
နှလုံးလမ်းကြောင်းကပြောတဲ့ အချစ်ရေး
နှလုံးလမ်းကြောင်း
လခြမ်း
တပြေးညီဖြစ်နေခြင်း
#Unicode Version
လက်ဖဝါးကိုကြည့်လိုက်ရင် လက္ခဏာလေးတွေ ရှုပ်ထွေးနေတာတွေ့ရပြီး လက္ခဏာဆရာတွေကတော့ အချစ်ရေး ဘဝနဲ့ အလုပ်အကိုင်စတာတွေကို ဟောပြောနိုင်ပါတယ်။ ဗေဒင်ရယ်လို့မဟုတ်ပေမယ့် စာဖတ်သူတို့အတွက် အပျော်သဘောအနေနဲ့ နှလုံးလမ်းကြောင်းကပြောတဲ့ အိမ်ထောင်ရေးအကြောင်းကို မျှဝေလိုက်ပါတယ်။
နှလုံးလမ်းကြောင်း
နှလုံးလမ်းကြောင်းက လက်ဖဝါးရဲ့အလည် လက်သည်းရဲ့အောက်နားထိရောက်တဲ့ မျဉ်းကြောင်းလေးဖြစ်ပါတယ်။ လက်ဝါးနှစ်ဖက်ကို အတူတူစပ်လိုက်လို့ နှလုံးလမ်းကြောင်းက လခြမ်းလိုပုံစံမျိုးဖြစ်သွားလား ဒါမှမဟုတ်တပြေးညီဖြစ်သွားလားဆိုတာကိုအရင်ကြည့်လိုက်နော်။
လခြမ်း
သင်ဟာ ကိုယ်ရည်ကိုယ်သွေးရှိပြီး စိတ်ဓါတ်ခိုင်မာသူတစ်ဦးဖြစ်ပါတယ်။ သင်ဟာ ဆတ်ဆတ်ထိမခံသူ ဟန်ဆောင်တာမကြိုက်တဲ့သူတွေနဲ့ ဖူးစာစုံတတ်ပါတယ်။ အချစ်ရေးမှာ အခက်ခဲတွေကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေအားလုံးကို ကျော်လွှားနိုင်ပြီး အချစ်ရေး အိမ်ထောင်ရေးမှာ အံ့သြစရာအပြည့်ဖြစ်နေမှာပါ။
တပြေးညီဖြစ်နေခြင်း
သင်ဟာ အနေအေးတဲ့သူဖြစ်ပါတယ်။ အလွယ်တကူ ဒေါသထွက်လွယ်တဲ့သူမျိုးမဟုတ်ပါဘူး။ အငြင်းပွားမှုတွေ သိပ်မရှိဘဲ အေးဆေးတည်ငြိမ်တဲ့သူတွေကို ချစ်မြတ်နိုးပါတယ်။
မျဉ်းနှစ်ခု ညီမနေခြင်း
လက်ဖဝါးနှစ်ဖက်ကို ဆက်လိုက်တဲ့အခါ မျဉ်းကြောင်းနှစ်ဖက်က ဆက်မနေဘူး ညီမနေဘူးဆိုရင်တော့ သင့်ရဲ့လက်တွဲဖော်ဟာ သင့်ထက်ပိုပြီး အသက်ကြီးတဲ့သူ ပိုပြီးရင့်ကျက်တဲ့သူဖြစ်ပါတယ်။ သင့်အိမ်ထောင်ဖက်ဟာ သူတို့ကိုယ်သူတို့ အရမ်းကိုသိနားလည်တဲ့သူဖြစ်ပါတယ်။ ဒါဟာလည်း သိပ်မဆန်းကျယ်ပါဘူး။ သင်ဟာ တခြားသူသင့်ကိုဘာပြောမလဲ သင့်ကိုဘယ်လိုထင်မလဲဆိုတဲ့အပေါ် သိပ်ဂရုစိုက်လေ့ရှိသူမဟုတ်လို့ပါပဲ။
Credit:mystylemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Tuesday, September 19, 2017
အမှန်တကယ် အချစ်ရေး အိမ်ထောင်ရေး အဆင်မပြေ သူများအတွက်
ကဲ.... အိမ်ထောင်ရေး အချစ်ရေး အမှန်တကယ် အဆင်မပြေ ဖြစ်နေသူတွေအတွက် ဒီပို့လေးကို တင်ပေးလိုက် ပါတယ်။ ဒီယတြာနည်းကို နှစ်နံတွဲ ပီယဓာတ်ဆင်နည်း လို့ ခေါ်ပါတယ်။ နောက်ဘယ်သူတွေ ဒီယတြာကို လုပ်လို့ ရသလဲ ဆိုတော့..
မိမိချစ်သောသူ မိမိအပေါ် အမုန်းပွားနေလျှင်...
လင်ကွဲမယားကွဲကိစ္စပြန်ပေါင်းချင်လျှင်...
+++ မောင်နှမ သားအမိ စိတ်ဝမ်းကွဲနေလျှင်...
+++ ဇနီးမောင်နှံ အချစ်ပျယ်နေလျှင်....
+++ ဆရာတပည့်အထင်လွဲ၍ လမ်းကွဲစပြုနေလျှင်....
+++ အောက်လက်ငယ်သားနှင့် အထက်လူကြီးအမြင်စောင်းနေလျှင်...
အဲဒီလို အခါတွေမှာဆိုရင်လည်း ဒီယတြာကို ဆောင်ရွက်လို့ ရပါတယ်။
အရေးကြီးတာလေးတွေ အရင်မှတ်ထားရမယ်။
+++ ဒီယတြာကို မိတ်အချိန်အတွင်းမှာ တိတိကျကျ လုပ်ရမယ်။
+++ မိမိရဲ့ ဆပွတ်နေ့သားကစိတ်ပါလက်ပါ ပြုလုပ်ပေးရမယ်။
+++ (၂၁)-ရက်တိတိ မထိရမကိုင်ရ ထားထားပါ။
+++ (၂၁)ရက်ပြည့်ရင်တော့ ရေစီးနေသောရေသန့်သန့်မှာ မျှောပစ်ရမယ်။
အရင်ဆုံး ယတြာကို ဆောင်ရွက်မယ့်လူက ကိုယ် ဘာနေ့သားလည်းပေါ့။ ကိုယ့်ကို ချစ်ခင် အလေးထား စေချင်တဲ့ လူက ဘာနေ့သားလည်းပေါ့။ အဲဒီနှစ်ချက်ကို အဓိက ထားရမယ်။ အဲဒါကို ကျကျနန သိထားပြီးရင်တော့ အောက်မှာ ဖော်ပြထားတဲ့ ယတြာကို ကျကျနန တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် ယတြာ ဆောင်ရွက်နေတဲ့
(၂၁)ရက်အတွင်းမှာတောင် ထူးခြားပါတယ်။
ဒီယတြာကို စီရင် ဆောင်ရွက်တော့မယ်ဆိုရင် ကိုယ့် နေ့သားအလိုက်ကြည့်ပါ။ နောက် ကိုယ်လုပ်မယ့် လူက ဘာနေ့သားလည်းပေါ့။ ပြီးရင် ဘေးမှာ ဖော်ပြထားတဲ့ အရွက်တွေနဲ့ စီရင်ရမယ်။ နောက်တစ်ခုက အကူနေ့သားဆိုတာ ကိုယ့်ရဲ့ ယတြာပန်းအိုးကို စေတနာပါပါနဲ့ သတ်မှတ်ထားတဲ့နေရာအရောက် တင်ပေးရ မယ့်လူပါ။ နောက်အချိန်ကတော့ တိတိ ကျကျ လိုက်လုပ်ဖို့ပါပဲ။
တနင်္ဂနွေ သားသမီးတစ်ဦးဦးက ဒီယတြာကို စီရင်မယ် ဆိုရင် အပေါ်က ဇယားကွက်ထဲမှာ ကြည့်လိုက်။ ကိုယ့်ကို ချစ်စေချင်တာက ဘာနေ့သားလည်းပေါ့။ ဥပမာ ကိုယ်ကို ချစ်စေချင်တာ အင်္ဂါပဲ ထားပါတော့။ အဲဒီတော့ ကိုယ်က တနင်္ဂနွေ ချစ်အောင်လုပ်မယ့်လူက အင်္ဂါနော်။ တနင်္ဂနွေနဲ့ အင်္ဂါကို ချစ်အောင် ဓာတ်ဆင်မှာ။ကြည့်လိုက်။ ချစ်စေချင်သူ ဆိုတဲ့အကွက်မှာ အင်္ဂါဆိုတဲ့ အကွက်မှာ ဘာပန်းတွေ ရေးထားလဲ။ အုန်းညွန့် (၆) ညွန်နှင့် ဇော်စိမ်း(၈) ညွန့် ဟုတ်တယ်နော်။ ဒါပဲပေါ့။
အဲဒီ ပန်းတွေကို ပန်းအိုးအသစ်တစ်လုံးထဲမှာ ရောထိုးရမယ်။ ဓာတ်မိအောင် ဓာတ်ပုံ နှစ်ပုံကို ပန်းအိုးမှာ ကပ်ပေါ့။ အဲဒီ ပန်းအိုးကို အကူနေ့သား ဖြစ်သူက ကိုယ် သတ်မှတ်ထားတဲ့နေရာကို တင်ပေးရုံပဲ။ ခုံ မြင့်မြင့်လေး တစ်လုံးပေါ် တင်လည်း ရပါတယ်။ သူတင်နေတဲ့အချိန်မှာ ကိုယ်က ထိုင်ပြီး ဆုတောင်းပေါ့။ အရေးကြီးတာက(၂၁)-ရက် တိတိ ထားရမယ်။ (၂၁)-ရက်အတွင် မထိရ မကိုင်ရဘူး။ ၂၁-ရက်ပြည့်ရင် ရေမျှောပစ်လိုက်ပါ။
မရှင်းတာရှိရင် ဘလောတွင်ဗေဒင်မေးရန်ဆိုတဲ့နေရာမှာ မေးထားခဲ့ပါဗျာ
Subscribe to:
Comments (Atom)
သွေအမျိုးအစားနဲ့ အချစ်ရေး
သွေးအမျိုးစားသိတာနဲ့သူငယ်ချင်းတို့ရဲ့ ဘ၀ရေး အချစ်ရေးတွေကိုသိနိုင်ပါတယ် အိုသွေးပိုင်ရှင်များသည် လွန်စွာပြင်းထန်စွာ တိကျသော ပျတ်သား...
-
ကဲ.... အိမ်ထောင်ရေး အချစ်ရေး အမှန်တကယ် အဆင်မပြေ ဖြစ်နေသူတွေအတွက် ဒီပို့လေးကို တင်ပေးလိုက် ပါတယ်။ ဒီယတြာနည်းကို နှစ်နံတွဲ ပီယဓာတ်ဆင်နည်း လို့...
-
-
သွေးအမျိုးစားသိတာနဲ့သူငယ်ချင်းတို့ရဲ့ ဘ၀ရေး အချစ်ရေးတွေကိုသိနိုင်ပါတယ် အိုသွေးပိုင်ရှင်များသည် လွန်စွာပြင်းထန်စွာ တိကျသော ပျတ်သား...